Students
Download Application
စွန့်ထွင်ဦးဆောင် စီးပွားရေးသင်တန်း
စွန့်ထွင်ဦးဆောင်စီးပွားရေး သင်တန်းသည် စီးပွားရေး စိတ်ဝင်စား၍ ကိုယ်ပိုင်လုပ်ငန်းစတင်လိုသော လူငယ်များ အတွက် ရည်ရွယ်ပါသည်။ သင်တန်းသူ၊ သင်တန်းသားများသည် ၃ ပိုင်းခွဲထားသော ၁၂ ပတ် သင်တန်းတက်ရောက်ခြင်းအားဖြင့် စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေတတ်ပြီး စွမ်းဆောင်နိုင် သော အရည်အသွေးများ ပြည့်ဝလာမည်ဖြစ်သည်။
Section 1
Section 1 သည် စာတွေ့ ဖြစ်ပြီး တစ်ရက်လျှင် ၃ နာရီ ဖြင့် တစ်ပတ်လျှင် ၅ရက် သင်ယူရမည်ဖြစ်ပြီး စုစုပေါင်း ၆ ပတ် တက်ရောက်ရမည်ဖြစ်သည်။ သင်ကြားမှုခံယူသွားမည့် ခေါင်းစဉ်များမှာ အောက်ပါ အတိုင်းဖြစ်သည်။
- စီးပွားရေးသီအိုရီနှင့် ကျင့်ဝတ်
- ငွေစာရင်း နှင့် စာရင်းကိုင်ခြင်း
- ၀န်ဆောင်မှုပေးခြင်း
- ဈေးကွက်စီးပွားရေး
- စီမံခန့်ခွဲမှု
- ကွန်ပျူတာကျွမ်းကျင်မှုများ (Microsoft Word/Excel/Powerpoint)
Section 2
Section 2 သည် အလုပ်သင်ကာလဖြစ်ပြီး လက်ရှိလုပ်ငန်းတစ်ခုခု၌၀င်ရောက်လုပ်ကိုင် အတွေ့အကြုံ ယူရန်ဖြစ်သည်။ အလုပ်သင်ကာလမှာလည်း ၆ ပတ်ဖြစ်ပြီး နောက်ဆုံး ၃ ပတ်၏ သောကြာနေ့တိုင်း တွင် သင်တန်းကျောင်းသို့ လာရောက်၍ သင်တန်း၏ နောက်ဆုံးကာလတွင် တင်ပြရမည့် စီးပွားရေး စီမံကိန်းကို အဆုံးသတ် ရေးဆွဲရန်ဖြစ်သည်။
Section 3
Section 3 သည် သင်တန်း၏ နောက်ဆုံးအပိုင်းဖြစ်သည့် အသေးစားချေးငွေပေးသည့်အပိုင်း ဖြစ်သည်။ သင်တန်းသူသင်တန်းသားများရေးဆွဲထားသည့် စီးပွားရေးစီမံချက်များကို တင်ပြရမည့် အချိန်ဖြစ်သည်။ စီးပွားရေးစီမံချက်များကောင်းမွန်ပြီးပြည့်စုံခြင်းရှိပါက ချေးငွေ အများဆုံး ၄ သိန်း ကျော် အထိရရှိမည်ဖြစ်ပါသည်။
ကိုယ်ပိုင်လုပ်ငန်းစတင်လိုသောလူငယ်များ အနီးစပ်ဆုံးအတန်းခွဲကို တက်ရောက်နိုင်ရန် အမြန်ဆုံး ဆက်သွယ်အမည်စာရင်းသွင်းနိုင်ပါသည်!
